Posted by admin | Under Uncategorized
Thursday Feb 19, 2009
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနားရောက်ရှိနေခိုက် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြစ်ဒဏ်လျော့ပေါ့ပေးခြင်း၊ ပြစ်ဒဏ်တပေါင်းတည်း ကျခံစေခြင်းတို့ လုပ်ပေးနေသော်လည်း ရခိုင်ပြည်နယ် သံတွဲထောင်ရှိ နိုင်ငံရေးအကျဉ်းသား များမပါဝင်သေးကြောင်း ယမန်နေ့က ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သူ ၈၈မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်း၏ အစ်မ မမျိုးပပသိန်းက ခေတ်ပြိုင်သို့ ပြောသည်။
“ကျမတို့ ဘာမှမကြားသေးပါဘူး။ ဒီသံတွဲထောင်မှာတော့ ပြစ်ဒဏ်လျော့ခံရတဲ့ အကျဉ်းသား မရှိသေးပါဘူး။ ကျမတို့မနေ့က ထောင်ဝင်စာတွေ့ခဲ့ပါတယ်။ထုံးစံအတိုင်း (၁၅) မိနစ်လောက် တွေ့ခွင့်ရခဲ့ပါတယ်”ဟု မမျိုးပပသိန်းက ပြောသည်။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Thursday Feb 19, 2009
ထိုင်းနိုင်ငံသို့ရောက်အောင် လူမှောင်ခိုကုန်ကူးသည့် လုပ်ငန်းအများအပြားတွင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများမှတဆင့် အမေရိကန်နိုင်ငံရောက်အောင် လူကုန်ကူးသည့် လုပ်ငန်းမှာ ၂၀၀၆ ခုနှစ်ကစ၍ ခေတ်စားလာသည်။
အမေရိကန်နိုင်ငံ သွားရောက်အလုပ်လုပ်လိုသူ မြန်မာများအဖို့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာရရန် သာမန်အားဖြင့် ခဲယဉ်းသည်။ ထို့ကြောင့် အမေရိကန်သွားလိုသူ ပြည်တွင်း ပြည်ပ မြန်မာအချို့ကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများသို့ လူကုန်ကူးပြီး ပို့သည့်နည်းလမ်း အသုံးချပြီး အမေရိ
ကန် ၀င်ခွင့်ရဖို့ ကြိုးစားသည့်နည်းများ သုံးလာကြသည်။
ဥပမာ-ရန်ကုန်မြို့ရှိ နိုင်ငံရေးနှင့် မပတ်သက်သူတဦးက အမေရိကန်နိုင်ငံ သွားလိုလျှင် ပွဲစားအမျိုး မျိုးမှတဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ ဒုက္ခသည်အတုလုပ်ပြီး တတိယနိုင်ငံ တခုခုရောက်အောင် လူကုန်ကူးကြခြင်းဖြစ်သည်။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Thursday Feb 19, 2009
တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်လာသည့် လူသစ်များကို အခကြေးငွေယူပြီး နိုင်ငံခြားထွက်ခွာခွင့်ရရန် စီစဉ်ပေးသူများထဲတွင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူအချို့နှင့် ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိသဖြင့် မကြာခင် ကရင်ဒုက္ခသည်ကော်မတီ KRC မှ ဝန်ထမ်းများလိုက်နာရန် စည်းမျဉ်းစည်းကမ်းချက်များ ထုတ်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု မယ်လဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ပြောသည်။
မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌ “စောထွန်းထွန်း” ဒီပြဿနာတွေကိုကိုင်တွယ်ဖို့ ပြီးခဲ့တဲ့အပတ်က KRC အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ဝန်ထမ်းတွေလိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူသွားမှာ ဖြစ်တယ်။ အဓိက အလွဲသုံးစားမှုနဲ့ လာဘ်စားမှု တိုက်ဖျက်ရေးအတွက်ပဲ ဖြစ်တယ်။ ပြဿနာ အများဆုံးရှိတာက နို့ဖိုး၊ အုံးဖျန်နဲ့ မယ်လစခန်းပဲဖြစ်တယ်” ဟုပြောသည်။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Thursday Feb 19, 2009
ပြီးခဲ့သည့် အပတ်အတွင်း ရန်ကုန်မြို့လည် ဧရိယာတွေမှာ ဂြိုလ်တုစလောင်းတပ်ဆင်မှုနှင့် ပတ်သက်ပြီး လိုက်လံစာရင်းကောက်ယူမှုတွေ ရှိနေတာကြောင့် ပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။
ဗိုလ်တစ်ထောင်မြို့နယ် (၄၁) လမ်းအတွင်း နေထိုင်သူတစ်ဦးက “ကျွန်တော်တို့ ရပ်ကွက်မှာ ဆက်သွယ်ရေးက ဝန်ထမ်းတစ်ယောက်၊ ရပ်ကွက် ရယက က တာဝန်ပေးသူတစ်ယောက်၊ ကြံ့ဖွံ့ တစ်ယောက် ပါတဲ့ အဖွဲ့က စာရင်းလာကောက်သွားတယ်။ သူတို့စာရင်းကောက်တာက တစ်အိမ်တက်ဆင်း လိုက်ပြီး ဘယ်အိမ်စလောင်းရှိသလဲ မေးတာမျိုး မဟုတ်ဘူး။ ခေါင်မိုးတွေပေါ်ကြည့်တယ်၊ ဂြိုလ်တုစလောင်း ထောင်ထားရင် တိုက်နံပါတ် ဘယ်လောက် အပေါ်မှာ စလောင်း ဘယ်နှစ်ခု ထောင်ထားသလဲ စာရင်းဖြည့်တယ်။ အဲဒီပုံစံ အဖွဲ့လေးတွေ ခွဲပြီး စာရင်းလိုက်ကောက်တာ၊ ဘာလုပ်ဖို့ လိုက်ကောက်တာလဲလို့ ကျွန်တော်ကမေးတော့ အထက်က ကောက်ခိုင်းလို့ ကောက်တာ၊ မသိဘူးလို့တော့ ဖြေတယ်” ဆိုပြီး ပြောပြသည်။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Thursday Feb 19, 2009
ကံနိမ့်နေသည့် ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ အတိတ်ဘ၀မှ ၀ဋ်ကြွေး ကံကြွေးများကြေစေရန် ရည်ရွယ်သည့် ယစ်ပူဇော် ယတြာချေပွဲကြီးတရပ်ကို ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တပ်ဆင် ထောက်ခံသူများက တခမ်းတနား ကျင်းပခဲ့သည်။
ဗုဒ္ဓ၀ါဒ၊ မှော်ကိုးကွယ်မှုဝါဒနှင့် တောစောင့်နတ် တောင်စောင့်နတ်ပူဇော်မှုဝါဒတို့ ပေါင်းစပ်ထားသည့် ထိုယတြာချေပွဲကြီးကို တပ်ဆင်နှင့် ညီအကိုဝမ်းကွဲတော်စပ်သူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချိုင်းဆစ် ရှင်နာဝပ်ထရက ကြီးမှူးပြီး တပ်ဆင်ထောက်ခံသူ (၃၀၀) ကျော်က ကျင်းပခဲ့ခြင်း ဖြစ်သည်။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Thursday Feb 19, 2009
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားဘဲ တွှေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထပ်လောင်း တောင်းဆိုလိုက်သည်။
“အပြန်အလှန် ငြင်းခုံရေးသားနေကြမည့်အစား အဆုံးအဖြတ်ပေးနိုင်သည့် အဆိုပါ ပုဂ္ဂိုလ်ကြီးနှစ်ဦးတို့သည် ကြိုတင်၍ စည်းကမ်း သတ်မှတ်ချက်များ မထားဘဲ ကိုယ်တိုင်ကိုယ်ကျ အမြန်ဆုံး တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြခြင်းသည်သာ တိုင်းပြည်အတွက် အထူးတလည် အကျိုးကျေးဇူးများ ပေါ်ပေါက်လာနိုင်ရန် အသင့်လျော်ဆုံး နည်းလမ်းဖြစ်သည်။” ဟု အဖွဲ့ချုပ်၏ အင်္ဂါနေ့က ထုတ်ပြန်သော အထူးကြေညာချက်တွင် ပါရှိသည်။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Thursday Feb 19, 2009
ပြည်သူများ အကြောက်တရားဖယ်ရှား တိုက်ပွဲဝင်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ်အတွင်း ”နှင်းဆီ” လူထုလှုံ့ဆော်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သူ လူငယ် ၃ ဦး ယခုလ ၁၄ ရက်၊ ချစ်သူများနေ့က အဖမ်းခံခဲ့ရသည်။
လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရေးထားပြီး၊ အကြောက်တရား ဖယ်ရှား၍ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် နှိုးဆော်ထားသည့် “နှင်းဆီ” လှုံ့ဆော်မှုမှ စာရွက်များအား ထိုနေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပရှိ အထက ၅ ၊ ၃ နှင့် ရဲစခန်းရှေ့ နံရံများတွင် လိုက်ကပ်ခဲ့သည့် အကောင်းဆုံးမြေသြဇာ အဖွဲ့ဝင် ၃ ဦးအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Thursday Feb 19, 2009
မြန်မာစစ်အစိုးရကို စည်းရုံးဆွဲဆောင်ရေး နည်းလမ်းတွေရှာဖွေဖို့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒကို အမြင်သစ်တမျိုးနဲ့ ကြည့်ရှုနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှာ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတခုအတွင်း မစ္စစ်ကလင်တန်က အဲဒီလိုပြောခဲ့တာပါ။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Tuesday Feb 17, 2009
တနာရီလျှင် မိုင်ပေါင်း ၁၀၀ ကျော်အထိ တိုက်ခတ်နိုင်သည့် စိုက်ဆင်းလေပြင်းတခု ကျရောက်မည့် သတိပေးချက်ကြောင့် ဖျာပုံဒေသခံများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင်က ယခုလအတွင်း မြန်မာပြည်မြောက်ပိုင်း ဒေသများတွင် စိုက်ဆင်းလေပြင်း ကျရောက်နိုင်သဖြင့် လေကြောင်း၊ ရေကြောင်း ခရီးသွားမည့်သူများ အထူးသတိထားရန် ရန်ကုန်အခြေစိုက် The Voice သတင်းဂျာနယ်တွင် ပြောဆိုချက်ကို သိရပြီးနောက် နောက်ထပ်ဖြစ်ပေါ်လာမည့် မုန်တိုင်းကြောင့် ဖျာပုံလူထုများအကြား စိုးရိမ်နေကြခြင်းဖြစ်သည်။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Tuesday Feb 10, 2009
အခုတလော Email တွေထဲကို Forward လုပ်ပြီး ရောက်လာတဲ့ ထူးဆန်းတဲ့ mail နှစ်စောင်ကို သတိထားမိပါတယ်။ ကျွန်တော့်ရဲ့ mail ထဲကိုလည်း ရောက်လာပါတယ်။ အခု ကျွန်တော်ဆီရောက်လာတာကို တင်လိုက်တာပါ။ ဒီပို့စ်နဲ့ အောက်က ရွှေတိဂုံပို့စ်ပါ။
ဒါဟာ တကယ်ပဲလား အစိုးရလက်ချက်လားဆိုတာကို ဒီပို့စ်နှစ်ခုကို ဖတ်တဲ့ စာဖတ်သူရဲ့ ထင်မြင်ချက်တွေ ထားခဲ့စေချင်ပါတယ်။
ကျွန်တော့်ရဲ့အာဘော်လုံးဝမဟုတ်ပါခင်ဗျာ။
———————————————————————————————
ဒီကြောင်းအရာက.. နိုင်ငံရေးမဟုတ်ပါဘူး..ဖတ်ကြည့်ပါ။
ဘာသာရေးအကြောင်းပါ။ ဒါပေမယ့်.. လူမျိုးရေး.. နိုင်ငံရေးနဲ့..
လူသားအားလုံးအရေးတွေအတွက် စဉ်းစားစရာတွေပါ..
သိကိုသိသင့်တဲ့အခြေခံအချက်လေးတွေမို့.. ဖတ်တော့ဖတ်ကြည့်ကြပါဦးလို့..
ညွှန်းပါတယ်။ ကျနော်တော့ အောက်မှာပါတဲ့ Link လေးတွေမှာပါ
ဉာဏ်မှီသလောက်ဖတ်ကြည့်ပြီးပါပြီ။ တကယ်ကောင်းတဲ့ Post လေးတွေပါ။
အကြမ်းဖျင်းလေးတော့သွားကြည့်ပါဦးလို့ထပ်ညွှန်းပါတယ်။
အောက်မှာဖော်ပြထားတာတွေကတော့ ကျနော့်ဆီကို Friend တစ်ယောက် Forward
လိုက်တာပါ။ မူရင်းစာရေးဆရာရဲ့ခံစားချက်စကားလုံးတစ်ချို့ကို
အားလုံးဖတ်လို့သင့်တော်မယ့် စကားလုံးတချို့နဲ့ အစားထိုးလိုက်ပါတယ်..။
မူရင်းစာရေးသူ သူငယ်ချင်းနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ။
P.S.. ..သြော်..မေ့လို့။ ကျွန်တော်ဒီ Mail ကို Forward
လိုက်တာဝါဒဖြန့်ချင်တဲ့သဘောလုံးဝမပါဘူးခင်ဗျာ။ အဲဒီဝါဒဆိုကြီးက
တယ်ကြောက်ဖို့ကောင်းတာကလား။ ကျွန်တော်မလုပ်ဝင့်ပါဗျာ။ စာထဲမှာပါတာတွေ
မှားလားမှန်လားဆိုတာ မိတ်ဆွေတို့ဘာသာ စဉ်းစားကြပါ။
ချင့်ချိန်ပြီးမှယုံကြပေါ့ဗျား..နော့။ IT ခေတ်မှာ
သတင်းတွေက..အလွယ်တကူဖြန့်ချီနိုင်၊ ရရှိနိုင်နေပြီဖြစ်လို့..
ဉာဏ်စကာလေးတွေနဲ့ Screen
လုပ်ကြဖို့တော့လိုမှာပေါလေ။ဟုတ်ကဲ့ဖတ်ကြည့်ကြပါဦး။ ။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Tuesday Feb 10, 2009
ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို
နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။ အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီအစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ်စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ
မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်
ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့ အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့
အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားကအလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး
တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပုကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ်...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ
ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ်
နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Friday Jan 16, 2009
စိုးရွံ့မှုတွေနဲ့
ဖြတ်သန်းကာနေရတဲ့
ကိုယ်တို့ရဲ့ကမ္ဘာထဲမှာ
အရာရာဟာ . . .
လွဲချော်မှုများနဲ့သာ
ကြုံခဲ့ရပေါ့…..။
ချစ်ခြင်းကအရာမထင်
ရှင်သန်ရက်နဲ့
ခံစားခွင့်မဲ့ဘဝ
ဆုံးရှုံးခြင်းက
မျှတနိုင်ပါ့မလား။
ရေဆန်လေထန်
သည်လမ်းခရီးက
မျှော်လင့်ခြင်းကျောက်ဆောင်
လဲပြို
စာနာစိတ်ကင်းမဲ့
ငါ့ဖို့ငါသာသိတဲ့
အမိုက်မှောင်တရားထဲ
မေရေ……
ကိုယ်တို့ရဲ့အလင်းနှစ်မှာ
ဘယ်အရာတွေကလှပနိုင်ပါ့မလဲ !…….။
saytaman.co.cc မှကူးယူဖော်ပြပါသည်။
Posted by admin | Under Uncategorized
Friday Jan 16, 2009
မိုက်တွင်းနက်နေတဲ့သူအဖို့
အမိုက်မှောင်တရားဟာ
နေကိုဖုံးအုပ်စေပြီး
လမင်းကိုသွေးစွန်းစေတယ်။
မလွတ်လပ်သေးတဲ့
ဘ၀တွေအတွက်
လွပ်လပ်ခွင့်ကို တပ်မင်တာ
အပြစ်တစ်ခုပမာ ဖြစ်ရပြီလား…!။
မည်သို့ပင်ဆိုစေ….
မငြိမ်းချမ်းသေးတဲ့ ချောက်ကမ်းပါးအတွင်းက
ရုန်းထွက်လွတ်မြောက်ဖို့ရာ
ဘ၀တွေကိုများစွာ စတေးရင်း
ငြိမ်းအေးမှုကို ကမ်းလင့်ခဲ့ကြပေတယ်။
သည်တော့ကာ…..
လွတ်မြောက်ခြင်းအလင်းငှက်
ကောင်းကင်ယံမှာ
တေးသီပျံသန်းစေဖို့ရာ
အမှန်တရားအတွက် လွတ်မြောက်ရာလမ်းဆီ
မကြောက်မရွံ့ လှမ်းချီလိုက်ရအောင်လား။
saytaman.co.cc မှကူးယူဖော်ပြပါသည်။
Posted by admin | Under Uncategorized
Thursday Jan 8, 2009
လွပ်လပ်ရေးရပြီးတဲ့နောက် ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ အခြေအနေဆိုးတွေထဲမှာ အဆိုးဆုံးအခြေအနေတစ်ခုလို့ ခေါ်ရမယ့်အခြေအနေဆိုးကြီးနဲ့ ကျွန်တော်တို့ ဒီကနေ့ ရင် ဆိုင်တွေ့နေရပါတယ်။ ဒီအခြေအနေဆိုးကြီးဟာ ဘယ်လိုဟာမျိုးလဲ ဘယ်လောက်အထိ ဆိုးဝါးသလဲ ဆိုတာကို ပြည်သူလူထုကြီးတစ်ရပ်လုံး သေသေချာချာသဘောပေါက်နိုင်ဖို့ အတွက် ကျွန်တော်ရှင်းပြချင်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ရဟန်းရှင်လူ နိုင်ငံသူနိုင်ငံသားတွေအမျိုးမျိုး စွန့်စားခဲ့ပြီးမှ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ ဒီလိုလွတ်လပ်တဲ့အတွက် (၁) လွတ် လပ်စွာဟောပြောမှု (၂) လွတ်လပ်စွာရေးသားမှု (၃)လွတ်လပ်စွာစည်းရုံးမှု (၄)လွတ်လပ် စွာကိုးကွယ်မှု (၅)တရားရုံးတော်၏ လွတ်လပ်စွာတရားစီရင်နိုင်မှု (၆)လွတ်လပ်၍တရားမျှ တသော ရွေးကောက်ပွဲအားဖြင့် ပြည်သူလူထုက မိမိကြိုက်နှစ်သက်ရာ အစိုးရကို ရွေး ကောက်တင်မြှောက်နိုင်မှုဆိုတဲ့ ဒီမိုကရေစီအခွင့်အရေးကြီးတွေကို ကျွန်တော်တို့ ပြည် ထောင်စုသားတွေ ဒင်ပြည့်ကျပ်ပြည့်ရရှိခဲ့ကြပါတယ်။
ပြည်သူလူထုက လွတ်လပ်ရေးတစ်ခုတည်းကိုသာ အသိများနေကြတယ်။ ဒါကြောင့်မို့လည်း လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲပါစေဆိုတဲ့ ကြွေးကြော်သံတွေဟာ ဘယ်နေရာကိုပဲ သွားသွား မကြားချင်အဆုံးဖြစ်နေတယ်။ အမှန်စင်စစ်မှာဆိုရင် လွတ်လပ် ရေးဆိုတာ ငွေစက္ကူနဲ့တူတယ်။ ငွေစက္ကူဆိုတာဟာ ဒီငွေစက္ကူနဲ့ တန်ဖိုးညီမျှတဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းကို မ၀ယ်နိုင်ဘူးဆိုရင် ဒီငွေစက္ကူဟာ တန်ဖိုးမရှိဘူး။ ဒီငွေစက္ကူဟာ ဂျပန်ငွေစက္ကူဖြစ်သွားလိမ့်မယ်။
အပြည့်အစုံသို့ကြည့်ဗျာ »
Posted by admin | Under Uncategorized
Thursday Jan 8, 2009
၁၉၆0 ပြည့်နှစ်ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော အထွေ ထွေရွေကောက်ပွဲကြီးအတွက် သန့်ရှင်းဖဆပလ၏ ရွေးကောက်ပွဲကြီးအတွက် သန့်ရှင်း ဖဆပလ၏ ကြေညာချက်အဖြစ်ဖြင့် ၁၉၅၉ ခု ဒီဇင်ဘာလ ၂၇ ရက်နေ့ သိမ်ဖြူကွင်းကြီးတွင် ဥက္ကဋ္ဌ ဦးနုမြွက်ကြားသော မိန့်ခွန်း။
ရန်ကုန်မြို့တော်သူမြို့တော်သူမြို့တော်သားအပေါင်းတို့ ခင်ဗျား။
ယနေ့ကျင်းပတဲ့ လူထုအစည်းအဝေးကြီးသို့ ယခုကဲ့သို့ အင်တိုက်အား တိုက် ကြွရောက်လာကြတာကို တွေ့ရတဲ့အတွက် ကျွန်တော်အထူးပဲ ၀မ်းသာပါတယ်။
ဖဆပလ နှစ်ခြမ်းကွဲသွားတာ အခုဆိုရင် တစ်နှစ်ကျော်ကျော်လောက်ရှိ သွားပြီ။ အဲဒီအချိန်အတွင်းမှာ ကျွန်တော်တို့သန့်ရှင်းတွေဟာ စိတ်ပျက်စရာတွေနဲ့လဲ ရင် ဆိုင်ခဲ့ရတယ်။ အားတက်စရာတွေကိုလည်း တွေ့ကြုံခဲ့ရတယ်။
သန့်ရှင်းတွေဟာ ပုထုဇဉ်တွေသာ ဖြစ်တဲ့အတွက် စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သန့်ရှင်းထဲက ထွက်တဲ့လူတွေလည်းထွက်သွားကြတယ်။ ထိုင်တဲ့ လူတွေလည်း ထိုင်ကုန်ကြတယ်။ သန့်ရှင်းတွေဟာ ပုထုဇဉ်တွေသာ ဖြစ်တဲ့အတွက် အားတက်စရာတွေကို တွေ့ရတဲ့အခါ အောက်ခြေလွတ်တဲ့လူတွေလည်း လွတ်ကုန် ကြတယ်။ ဘ၀င်မြင့်တဲ့ လူတွေလည်း မြင့်ကုန်ကြတယ်။
ယခုရွေးကောက်ပွဲကိစ္စကို ကျွန်တော်ဆက်လက်ပြောပါမယ်။ အဲဒီ အထဲမှာ ချီးကျူးစရာ၊ အတုခိုးစရာ၊ ဂုဏ်ယူစရာကောင်းတဲ့ သန့်ရှင်းတွေကတော့ တခြားလူတွေ မဟုတ်ပါဘူး။ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါလည်း စိတ်ဓာတ် တွေကျမသွားဘူး။ စိတ်ပျက်စရာတွေကို သတ္တိကောင်းကောင်းနဲ့ရင်ဆိုင်ပြီးအားတက်စရာတွေနဲ့ တွေ့ရတဲ့ အခါလည်း အောက်ခြေမလွတ်ဘဲ ဘ၀င်မမြင့်ဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့ လူတွေ ပဲဖြစ်တယ်။
အဲဒီသန့်ရှင်းတွေအတွက် ကျွန်တော်တို့ အထူးဂုဏ်ယူတယ်ဆိုတာ အခုလို အခွင့်ကောင်းရတုံး မှတ်တမ်းတင်ထားလိုပါတယ်။
အပြည့်အစုံသို့ကြည့်ဗျာ »
ပြောသွားကြတာဒီလို